all blogger tools

Edit Apk & java Run နည်း

Android Application တွေကို မြန်မာလိုရေးထည့်ချင်တဲ့သူငယ်ချင်းများအတွက်
 Apk Edit v0. 4e နှင့် Java Run နည်း တင်ပေးလိုက်ပါတယ်
အပြင်းပြေ ကလိချင်တဲ့သူငယ်ချင်းများအတွက်ပါ
အရင်က ထွက်လာတဲ့ App တွေတုန်းကတော့ တော်တော်များများ မြန်မာလို့ ပြန်ရေးထည့်လို့ရပါတယ်
 အခုနောက်ပိုင်းထွက်လာတဲ့ App တွေတော့ မရတာများနေလို့ မတင်တော့ဘူးလို့ ဆုံးဖျက်ထားတာရှေ့မှာ အစရှိထားတော့ ပီးအောင်တင်ပေးရတော့မှာပေါ့ဗျာ..
 ပထဦးဆုံး  Apk Edit v0. 4e နှင့် Java ကို 
ဒေါင်းလို့ရလာတဲ့  Edit Apk နှင့် Java နှစ်ခုထဲက Java ကို အရင် Run ပေးရမှာဖြစ်ပါတယ် Java Run ဖို့အတွက် အင်တာနက်လိုင်းရှိဖို့လိုပါတယ်ဗျာ Download ပြန်လုတ်မှာဖြစ်လို့ပါ

Java Download လုတ်နေပုံပါ ပြည့်အောင်စောင့်ပေးရမှာဖြစ်ပါတယ်
Download ပြည့်သွားတဲ့ပုံလေးဖြစ်ပါတယ်Close ကိုနှိပ်ပေးလိုက်ပါ  
အခုန ဒေါင်းထားတဲ့နေရာပြန်သွားပါ
Apk Edit v0. 4e zip ဖိုင်ကို Extract files အဖြစ်ဖြည်လိုက်ပါ
Ok ကို နှိပ်ပေးလိုက်ပါ
Extract files ဖြည်လို့ပီးသွားပီဖြစ်ပါတယ် 
Apk Edit v0.4e ဖိုင်အ၀ါလေးကို ဖွင့်လိုက်ပါ
အောက်ပါပုံလေအတိုင်းပေါ်လာမှာဖြစ်ပါတယ် Apk Edit ဆိုတဲ့ အစိမ်းရောင်လေးကိုနှိပ်လိုက်ပါ
အောက်ပါပုံလေးအတိုင်း Java ကိုရှာရမှာဖြစ်ပါတယ် အဲဒီတွက် 
Program files (x86) ဖိုင်ထဲကို သွားရမှာဖြစ်ပါတယ်
Program files(x86) ထဲကိုဝင်ပီး Java ကိုရှာရမှာဖြစ်ပါတယ်
Program files(x86) ကို ဖွင့်လိုက်ပါ
Java ဖိုင်အားတွေ့တာနဲ့ ဆက်ဖွင့်ပါအုံး
jre1.8.0_25 ဖိုင်ကို ထက်တွေ့ရမှာဖြစ်ပါတယ် jre1.8.0_25 ကို ဖွင့်ရအုံးမှာဖြစ်ပါတယ်
ဖွင့်တာတွေ များလို့ ရှုပ်များသွားလားမသိဘူးဗျ Java က အတွင်းထဲထိရောက်နေလို့ဗျ
bin ဖိုင်ကို ဖွင့်ပါ
java ကိုတွေ့ရပီဖြစ်ပါတယ်ဗျာ java ကို ကလစ်တစ်ချက်နှိပ်ပီး Open အားနှိပ်ပေးလိုက်ပါ
Edit Apk နှင့် java တို့ Run လို့ပီးသွားပီဖြစ်ပါတယ်ဗျာ 
 ဒါဆိုရင် Apk တစ်ခုကို ဘာသာပြန်ရေးတော့မယ်ဆိုရင်တော့ 
Edit Apk ဆိုတဲ့ အစိမ်းရောင်လေးကို နှိပ်ပီး Apk ကို ၀င်ယူရမှာဖြစ်ပါတယ်ဗျာ
Apk အကုန်လုံးတော့ ပြန်လို့မရဘူးဗျာ ရတဲ့Apkလဲ ရတာပေါ့လေ မရတဲ့ Apk လဲ မရဘူး
ဝါသနာပါရင် ကလိနိုင်အောင်လို့ ပြန်လည်မျှဝေတာပါဗျာ

 အဆင်ပြေကြပါစေ
=============================================

0 comments:

Post a Comment

 

Blog Archive

Jailbreake Tool

http://en.pangu.io/

http://lminthar.blogspot.com/2014/09/i-phone.html

နည်းပညာ ၀က်ဆိုက်များ

MRTV ကြည့်လိုသူများအတွက်

Popular Posts

Followers

Powered by Blogger.

Total