iPhone 4 iOS 7.1.2 ကို မြန်မာဖောင့်သွင်းနည်းလေးဖြစ်ပါတယ်ဗျာ ပုံလေးတွေနဲ့အတူ သေချာရှင်းပြပေးထားပါ ပထမဦးစွာ မိမိရဲ့ဖုန်းမှာ jailbreakလုတ်ထားဖို့လိုပါတယ်jailbreak လုတ်နည်း မသိပါက >>ဒီနေရာမှာဝင်လေ့လာနိုင်ပါတယ်<<jailbreak လုတ်ထားပြီးသားဖုန်းအတွက် အောက်မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်
မှတ်ချက်==မိမိရဲ့ဖုန်းမှာ အင်တာနက်လိုင်းရှိထားဖို့လိုပါတယ် အင်တာလိုင်းဖွင့်ထားပြီဆိုရင်မြန်မာဖောင့်သွင်းနည်းလေးစရအောင်
Cydia ကို ၀င်ပါ
ဒီလိုလေးပေါ်လာရင် Scurces ကိုဝင်ပါ
ဒီလိုမျိုးပေါ်လာရင် Edit ကိုနှိပ်ပါ
Edit ကိုနှိပ်ပြီးရင် အောက်ပါပုံစံ အတိုင်း Add ကို ဆက်၍နှိပ်ပေးပါ
အောက်ကပုံစံအတိုင်း http:// ပေါ်လာပါလိမ့်မယ်အဲ့ဒီအထဲကို http://cydia.myrepospace.com/komin27/ လို့ ရေးထည့်ပေးရမှာဖြစ်ပါတယ်
http://cydia.myrepospace.com/komin27/ ကို ရေးပြီးရင် Add Source ကို နှိပ်ပေးလိုက်ပါ အချိန်အနည်းငယ်ကြာပါတယ်
Return to Cydia ကို နှိပ်ပေးရမှာဖြစ်ပါတယ်
Komin27-MyrepoSpace ဟုမြင်ရမြီဆိုရင် မြန်မာဖောင့် စတင်သွင်းလို့ရပါပြီ Search ကိုနှိပ်ပါ
Zawgyi ဟုရေးပြီးရှာပါ ပုံမှာပြထားတဲ့အတိုင်း Zawgyi တွေပေါ်လာပါလိမ့်မယ်
Zawgyi iOS 7 Font ကိုရွေးပေးရမှာဖြစ်ပါတယ် တစ်ခြား Zawgyi ကို
မရွေးမိပါစေနဲ့ဗျာ ဒါက iOS 7 အတွက်ဖြစ်နေလို့ပါ ဥပမာ iOS 7 ဖုန်းကို Zawgyi
iOS 4.3 Font ကို သွင်းမိခဲ့လျှင် ဖုန်းဟာ Apple logo
မှာပဲရပ်နေမှာဖြစ်ပါတယ် အဲဒါကြောင့်Zawgyi iOS 7 Font ကိုပဲ ရွေးပါ
Install လုတ်ပေးရမှာဖြစ်ပါတယ်
Confirm အား နှိပ်ပေးပြီးခေတ္တစောင့်ပေးရမှာဖြစ်ပါတယ်
Install လုတ်ပြီးတာနဲ့ Restart SpringBoard အားနှိပ်ပေးရမှာဖြစ်ပါတယ် ဒါဆိုရင် ဖုန်းက Restart ကြသွားမှာဖြစ်ပါတယ် ပါဝါပြန်တက်လာရင် မြန်မာလိုမြင်ရပါပြီ ရေးလို့တော့မရသေးပါ
ရေးလို့ရဖို့အတွက် Keyboard ဒေါင်းဖို့ကျန်ပါသေးတယ် Keybard ဒေါင်းရအောင် Cydia ကို ပြန်ဝင်ပါ Search ကို နှိပ်ပါ
MMKeyboard ဟုရေးပါအောက်ကပုံမှာပြထားတဲ့အတိုင်း MMKeyboard ၃မျိုးတွေ့ရမှာဖြစ်ပါတယ် အဲဒီထဲမှ MMKeyboard for iOS 7+ ကိုရွေးပေးရမှာဖြစ်ပါတယ်
Install လုတ်ပါ Confirm အား နှိပ်ပေးပြီးခေတ္တစောင့်ပေးရမှာဖြစ်ပါတယ် Install လုတ်ပြီးတာနဲ့ Restart SpringBoard အားနှိပ်ပေးရမှာဖြစ်ပါတယ် ဒါဆိုရင် ဖုန်းက Restart ကြသွားမှာဖြစ်ပါတယ်
ပါဝါပြန်တက်လာပြီဆိုရင် Kryboard ချိန်းပေးရမှာဖြစ်ပါတယ် Settings ကို ၀င်ပါ
General ကို ၀င်ပါ
Keyboard ကို ၀င်ပါ
အခုရှိနေတာက English Keyboard တစ်ခုထဲပဲ ရှိနေပါတယ် မြန်မာကီးဘုတ် ယူရန် Add New Keyboard ကို နှိပ်ပေးရမှာဖြစ်ပါတယ်
Czech ကို နှိပ်ပေးလိုက်ပါ
ဒီလိုလေး English နဲ့ Czech နှစ်ခုမြင်ရပြီဆိုရင်တော့ Messaing ထဲသို့ ၀င်ပြီးရေးကြည့်ပါ မြန်မာလိုရေးလို့ရပါပြီဗျာ.....
အဆင်ပြေကြပါစေ....
အမှတ်တရ လမင်းသား
0 comments:
Post a Comment