all blogger tools

မလေးရှားကနေမြန်မာနိုင်ငံကိုဖုန်းခေါ်လျှင်IDကုတ်ခံပြီးခေါ်နည်း


မလေးရှား (၁၃.၉.၂၀၁၄) မလေးရှားရောက်မြန်မာများ အဖို့ မလေးရှားကနေ မြန်မာပြည်ကို လူတိုင်း မဖြစ်မနေ ဖုန်းခေါ်လေ့ရှိကြပါတယ် .. အဲ့လိုခေါ်တဲ့နေရာမှာ သိတဲ့သူတော်တော်များများက သက်သာတဲ့ IDD ကုဒ်တွေကို ရှေ့က ခံပြီး ခေါ်တတ်ရင်တော့ သတ်မှတ်ထားတဲ့ ခေါ်ဆိုခထက် ၃၀ ရာခိုင်းနှုန်းခန့်အထိ သက်သာစေတာကို သိစေချင်တာပါ ။ သိကြတယ်လို့ယူဆထားလို့ ကျွန်တော်တို့ အနေနဲ့ ဒီဆောင်းပါးကို မရေးဖြစ်ခဲ့တာပါ ။ဥပမာ ပုံမှန်အတိုင်း မြန်မာပြည်က ဖုန်းနံပတ် 0922222222 (ဥပမာ) ကိုခေါ်မယ်ဆိုပါစို့ ... ပုံမှန်အတိုင်း 0095092222222 လို့ခေါ်မယ်ဆို တစ်မိနစ် တစ်ကျပ် ကုန်တယ်ဆိုပါစို့ .. အရှေ့က
IDDပရိုမိုးရှင်း ကုတ် ကိုထည့်ခေါ်ပါက ခေါ်ဆိုခမှာတစ်မိနစ်ကို ပြား 20 ခန့် ထပ်မံသက်သာစေပါတယ် ။ အဲ့လိုခေါ်တာကို Special Rate IDD Code နဲ့ ခေါ်တယ်လို့ ခေါ်ပါတယ် ။ ခေါ်ဆိုရမယ့် ပုံစံက (IDD CODE + 0095 + 0922222222 ) ဖြစ်ပါတယ် ။ ရောက်ပြီးသား အတွေ့အကြုံရှိတဲ့ သိတဲ့ သူတွေအတွက် ကျွန်တော်တို့ ရေးစရာမလိုတော့ဘူးလို့ ထင်ခဲ့ပေမယ့် ယနေ့ မလေးရှားရောက် မြန်မာများထဲမှာ မသိသေးတဲ့သူတွေများနေတာတွေ့ရလို့ ကျွန်တော်တို့ သက်ဆိုင်ရာ ဖုန်း လိုင်းများကို လေ့လာပြီး သေသေချာချာ နောက်တစ်ခေါက်ပြန်လည်ရေးသားပေးပါတယ်ခင်ဗျာ ။1.MAXIS / HOTLINK (IDD CODE 132)------------------------MAXIS နဲ့ HOTLINK ကတူတူပါ 1995 မှာပဲ မလေးရှားမှာ DIGI နဲ့အတူ စတင်ဝန်ဆောင်ပေးခဲ့တဲ့ လိုင်းတစ်လိုင်းဖြစ်ပါတယ် ။ မြန်မာပြည်ကို ပုံမှန်ခေါ်ဆိုပါက တစ်မိနစ်ကို 1.00 RM သင့်ပါတယ် ။ IDD CODE (132) ကိုရှေ့ကခံပြီး ခေါ်မယ်ဆိုပါက 0.88 ပြားပဲကျသင့်ပါတယ် ။ ည ၁၂ နာရီနောက်ပိုင်းခေါ်ဆိုပါက တစ်မိနစ်ကို 80 ပြားပဲကျသင့်ပါလိမ့်မယ် ခင်ဗျာ ။ ယနေ့အထိတော့ မလေးရှားကနေ မြန်မာပြည်ကို ခေါ်ဆိုနိုင်တဲ့ ဒုတိယ အသက်သာဆုံး နှုန်းထားအနေနဲ့ ရပ်တည်ထားပါတယ် ။ခေါ်ဆိုရမယ့် ပုံစံက (132+95+0922222222) ဖြစ်ပါတယ် ။ 2. DIGI (IDD CODE 133)--------DIGI ကုမ္မဏီက နော်ဝေး ကုမ္မဏီပါ မြန်မာပြည်မှာ စတင်ရောင်းချမယ့် TELENOR နဲ့ ကုမ္မဏီ တူပါတယ် 24 May 1995 မှာ မလေးရှားမှာ စတင်လုပ်ကိုင်ခွင့်ရခဲ့တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ မြန်မာပြည်ကို ပုံမှန်ခေါ်ဆိုပါက ပုံမှန်တစ်မိနစ်ကို 1.28 RM ကျသင့်ပါတယ် ။ IDD CODE (133) ကိုရှေ့ကခံပြီး ခေါ်မယ်ဆိုပါက 1.02 RM ပဲကျသင့်ပါတယ် ။ ခေါ်ဆိုရမယ့် ပုံစံက (133+0095+0922222222 ) ဖြစ်ပါတယ် ။3. CELCOM / XPAX (IDD CODE 131)------------------------CELCOM က မလေးရှားမှာ ပထမဆုံး ဝန်ဆောင်ပေးခဲ့တဲ့ ကုမ္မဏီ ပဲဖြစ်ပါတယ်။ မလေးရှား TELECOM ကုမ္မဏီ ပိုင်ဆိုင်တဲ့ ကုမ္မဏီဖြစ်ပြီး မလေးရှားရဲ့ Mobile သမိုင်းမှာ ၀၁၉ ဆိုတဲ့ နံပတ်နဲ့ ပထမဆုံး စတင်ခဲ့တဲ့ ကုမ္မဏီပါ ။ သူရဲ့ ပုံမှန် မြန်မာပြည်ကို ခေါ်ဆိုရင် ကုန်ကျမယ့် ပုံမှန်နှုန်းထားက တစ်မိနစ်ကို 1.27 RM ကုန်ကျပါတယ် ။ IDD CODE (131)ခံပြီးခေါ်မယ်ဆိုပါကလည်း ဈေးတူပဲဖြစ်ပါတယ် ။ မြန်မာပြည်အတွက် အထုဈေးနှုန်းမသတ်မှတ်ထားကြောင်းတွေ့ရပါတယ် ။4. U-Mobile (IDD CODE 1310)--------------U-Mobile က မလေးရှားမှာ March 2008 ကနေ စတင်ဝန်ဆောင် ပေးခဲ့တဲ့ ကုမ္မဏီ သစ်ဖြစ်ပါတယ် သူက CELECOM နဲ့ စပ်တူ ဝန်ဆောင်မှုပေးပြီး CELECOM လိုင်းကိုပဲ မှီထားပါတယ် ။ မြန်မာပြည်ကို ပုံမှန်ခေါ်ဆိုပါက ပုံမှန်တစ်မိနစ်ကို 1.19 RM ကျသင့်ပါတယ် ။ IDD CODE (1310) ကိုရှေ့ကခံပြီး ခေါ်မယ်ဆိုပါက 0.70 RM ပဲကျသင့်ပါတယ် ။ မြန်မာပြည်ကို တယ်လီဖုန်းခေါ်ဆိုနိုင်တဲ့ အသက်သာဆုံး ဖုန်းကဒ်လို့ ပြောနိုင်ပါတယ် လူသုံးတော့ နည်းပါသေးတယ် ။ခေါ်ဆိုရမယ့် ပုံစံက (1310+0095+0922222222 ) ဖြစ်ပါတယ် ။5. TUNETALK (NO IDD CODE REQUIRE)------------------TUNE TALK က မလေးရှားမှာ 19 August 2009 မှာတရားဝင်စတင်ခဲ့တဲ့ အဲအေးရှား လုပ်ငန်းစု ဖြစ်တဲ့ TUNE ကုမ္မဏီရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ် ။ CELECOM လိုင်းကိုပဲ မှီခို အသုံးပြုထားပြီး ကိုယ်ပိုင် နက်ဝေါ့ တည်ဆောက်ထားခြင်းမရှိသေးပါဘူး ။ သူရဲ့ မြန်မာပြည်ကို ခေါ်တဲ့ နှုန်းထားက တစ်မိနစ်ကို ၈၅ ပြား ဖြစ်ပါတယ် ။ ဘာ CODE မှ ခံခေါ်စရာမလိုပါဘူး ။တိုက်ရိုက်ခေါ်ဆိုရုံပါပဲ ။ဒီဆောင်းပါးဖြစ်ရန်ကျွန်တော်တို့ ဖုန်းလိုင်းတွေရဲ့ နှစ်အလိုက် IDD နှုန်းထားတွေ ၊ ဖုန်းလိုင်းတွေရဲ့ သမိုင်းနဲ့ ပရိုမိုးရှင်းတွေကို သေချာ တွက်ချက် ရေးသားတင်ဆက်ပေးထားခြင်းဖြစ်ပါတယ် ။အင်တာနက်စာမျက်နှာ များ နဲ့ ကြော်ငြာတွေမှာတော့ ခေါ်ဆိုက နှုန်းထားတွေကို စက္ကန့် ၃၀ အတွက် စံထားပြီးကြော်ငြာတာတွေ့နိုင်ပါတယ် ။ ကျွန်တော်တိုခုရေးတဲ့ ဆောင်းပါးထဲက ဈေးနှုန်းတွေကတော့ တစ်မိနစ်စာ ဖြစ်ပါတယ် ။ဒီဆောင်းပါကို မလေးရှားက သူငယ်ချင်းတွေသိအောင် ဆက်ပြီးလက်ဆင့်ကမ်း Share လိုက်ကြပါဦးခင်ဗျာ ။ ကျွန်တော်တို့ အားလုံးအတွက် ကြိုးစား တင်ဆက်ပေးထားတာပါ ။ ဘယ်ကုမ္မဏီရဲ့ ထောက်ပံ့မှုကိုမှ မယူထားပါဘူး ။ ဒါကြောင့် ကြော်ငြာမဟုတ်ကြောင်းကိုတော့ သတိမူစေချင်ပါတယ်။

ဒါလေးကို ဝင်းကမ္ဘာကျော် နည်းပညာမှတ်တမ်း ဆီမှကူယူတင်ပြပေးတာပါ
                                                                                                    ကျေးဇူးပါ

0 comments:

Post a Comment

 

Blog Archive

Jailbreake Tool

http://en.pangu.io/

http://lminthar.blogspot.com/2014/09/i-phone.html

နည်းပညာ ၀က်ဆိုက်များ

MRTV ကြည့်လိုသူများအတွက်

Popular Posts

Followers

Powered by Blogger.

Total